ယနေ့ခေတ်၌ ပညာလေ့လာရှာမှီးနေသူများသည် အတန်းပညာ၊ အတတ်ပညာ၊ အသိပညာရပ်များအား သင်ယူလေ့လာရပုံများ ကွဲပြားကြောင်းကို သိရှိနားလည် သဘောပေါက်လက်ခံလာကြသလိုပင်၊ သင်ယူလေ့လာနိုင်သည့် အခွင့်အလမ်း (opportunity) များစွာကိုလည်း ရယူအသုံးချခွင့် ရရှိနေကြပြီးဖြစ်သည်။ ဤ Blog Site ကိုလည်း ထိုအခွင့်အလမ်းများစွာထဲမှ အခွင့်အလမ်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး လွှင့်တင်ထားခြင်းဖြစ်ပါသည်။
အထူးသဖြင့် မည်ကဲ့သို့သော အခြေအနေ အချိန်အခါတွင်မဆို မိမိတို့ သင်ယူနေသော၊ သင်ယူလိုသော ပညာရပ်များအား လေ့လာသင်ယူနေမှုများ မရပ်တန့်သွားစေရန်အတွက် တစ်ဖက်တစ်လမ်းမှနေ၍ ပံ့ပိုးပေးနိုင်ရန်အတွက်ပင် ဖြစ်သည်။ များပြားကျယ်ဝန်းလှသော ပညာသမုဒ္ဓရာတစ်ပြင်လုံးကို လွှမ်းခြုံမိစေဖို့ မစွမ်းသာပါသော်လည်း၊ မိမိတို့ သိထားသလောက်၊ လုပ်ပေးနိုင်သလောက် နှမ်းတစ်စေ့စာသာသာ ရှိပါကြောင်းကိုလည်း ကြိုတင်အသိပေးလိုပါသည်။
အထူးသဖြင့် Life-Long Leaning (3L) ဖြင့် မိမိတို့၏ Continuous Professional Development (CPD) ကို ဖော်ဆောင်လိုသူများအတွက် လေ့လာသင်ယူစရာ နေရာတစ်ခုဖြစ်လာလျှင်ပင် ကျေနပ်ကြည်နူးမိမည် ဖြစ်ပါသည်။
ထို့အပြင် လေ့လာသင်ယူမှုများသည် မိမိတစ်ဦးတစ်ယောက်တည်းအတွက် သက်သက်မဟုတ်ဘဲ၊ မိမိ၏ လူမှူအသိုင်အဝိုင်းအတွက်ပါ အကျိုးပြုအသုံးချနိုင်ရန်နှင့် လက်ဆင့်ကမ်း ဝေမျှပို့ချနိုင်ရန်တို့အတွက်ပါ ရည်ရွယ်ထားရှိပြီး လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ပါသည်။