ပျံကျ၊ ကျုးကျော်လို့ပြောလိုက်တာနဲ့ ပုံစံအသေတစ်မျိုးတည်းကို သွားမြင်လို့မရပါဘူး။ အနေအထား အမျိုးအစားတွေ၊ နောက်ခံအခြေအနေတွေ အကြောင်းအရာတွေ၊ မြေပြင်မှာ ရှိနေဖြစ်နေခဲ့တာတွေ အမျိုးမျိုးအဖုံဖုံပါပဲ။ ဘယ်မှမှနေစရာ မရှိလို့ ဒီမှာဖြစ်သလိုလာနေရတာတွေ ရှိသလို၊ ဒီမှာပဲနေချင်လို့ကို တမင်သက်သက်နေနေကြတဲ့သူတွေ စသည်ဖြင့် ရှိနေနိုင်ပါတယ်။ ဒီထဲမှာမှ အခြေကျအောင် လာအခြေချကြရင်းနဲ့ ကျူးကျော်ဖြစ်မှန်မသိဖြစ်နေကြသူတွေ၊ Informal Settlement ထံမှာ နေထိုင်နေကြမှန်းမသိ နေဖြစ်နေကြသူတွေကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ နမူနာထားပြောရရင်တော့ ရောင်းမှားဝယ်မှား ဖြစ်မိကြသူတွေပဲပေါ့။ သူတို့တစ်တွေကို မြို့ပြဖြစ်စဉ်အောက်က ဒုက္ခရောက်ခဲ့ကြသူများ (Victims of Urbanization) လို့ ပြောမယ်ဆိုရင် မလွန်လောက်ဘူးလို့ ထင်မိပါတယ်။
မကြာခင်ကပဲ လုပ်ခဲ့ဖူးတဲ့ အလွတ်သဘောလေ့လာမှုတစ်ခုမှာ မေးခွန်းတစ်ခုထည့်မေးဖြစ်ခဲ့ တယ်။ စီးပွားရေးပိုကောင်းလာရင် အခြားတစ်နေရာကိုပြောင်းဖို့ စိတ်ကူးရှိသလားလို့။ ပြောင်းဖို့ရာစိတ် ကူးမရှိပါလို့ ဖြေကြသူတွေ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ကာ ဒါက သူတို့ဝယ်ထားတဲ့ အပိုင်အိမ်ပါတဲ့။ စာဖတ်သူမိတ်ဆွေ . . . . . သင့်မှာ ပြောစရာတစ်ခုခုရှိနေပါလား။
ဘယ်လိုဟာမျိုးကို Informal Settlement လို့ခေါ်ပါလဲ။ စာအုပ်စာတမ်းတွေ လမ်းလှမ်းမီသလောက် ရှာဖတ်ကြည့်လိုက်တော့ UN-Habitat ရဲ့အစီရင်ခံစာတစ်ခုမှာ အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုကို တွေ့မိလိုက်တယ်။ မြို့ပြရဲ့တစ်နေရာမှာ အနည်းဆုံး အိမ်ခြေ(၁၀)အိမ် သို့မဟုတ် အိမ်ထောင်စု(၁၀)စု တစ်စုတစ်စည်းတည်း နေနေကြပြီးတော့ကာ စံပြုထားတဲ့အချက်(၆)ချက်အနက် (၄)ချက်နဲ့ကိုက်ညီနေရင် အဲ့ဒီအိမ်အစုအဝေးလေးကို Informal Settlement လို့သတ်မှတ်ပါတယ်တဲ့။ အဲ့ဒီအချက်တွေကတော့ (၁) အိမ်ခြေတွေ ပြွန်သိပ်နေမှု (high settlement density) ၊ (၂) အိမ်အဆောက်အအုံတွေဟာ ကြာရှည်တည်တံ့ဖွယ်ရာမရှိနိုင်မှု (low durability of houses) ၊ (၃) စနစ်ကျတဲ့လမ်းတွေ ရေးဆင်းစနစ်တွေ မရှိမှု (lack of a systemic road and drain network) ၊ (၄) ရေပိုက်သွယ်တန်းစနစ်ဖြင့် ရေဖြန့်ဝေပေးမှု မရှိခြင်းနှင့် မိလ္လာစနစ်နှင့် ရေဆိုးစွန့်စနစ်တို့ စံမမှီဆိုးရွားနေမှု (lack of piped water supply and poor sanitation system) ၊ (၅) အမှိုက်စွန့်ပစ်မှုအတွက် စီမံခန့်ခွဲနိုင်ခြင်း မရှိမှု (lack of solid waste management systems) နှင့် (၆) ဘေးအန္တရယ်ကျရောက်ပါက လွယ်လင့်တကူ ထိခိုက်ပျက်စီးနိုင်ခြေများမှု (high vulnerability to hazards) တို့ဖြစ်ကြပါတယ်။
အဲ့ဒီတော့ကာ စာဖတ်သူမိတ်ဆွေ အနေနဲ့ ဒီအချက်(၆)ချက်ကို စိတ်မှာမှတ်ထားပြီးတော့ ကိုယ့်အနီးအနားမှာပဲဖြစ်စေ၊ မြို့ပြကြီးအတွင်း အခြားတစ်နေရာရာကို ရောက်လို့ပဲဖြစ်စေ မျက်စိကစားကြည့်လိုက်ပါ။ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့ အိမ်စုလေးတွေ တွေ့နေ ရှိနေသလားလို့ပါ။ တွေ့ခဲ့မယ်ဆိုရင်လည်း သေချာဂရုစိုက်ကြည့်လိုက်ပါ။ သူတို့တွေထဲမှာ အခြေချနေထိုင်သူတွေနဲ့အတူ ကျူးကျော်နေထိုင်သူ (၃)မျိုးထဲက (၂)မျိုးလောက်ကို အများအားဖြင့် တွေ့နိုင်လောက်ပါတယ်။ မိတ်ဆွေသာ မြို့ပြစီမံခန့်ခွဲသူတစ်ဦးဆိုရင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်လို့ စဉ်းစားမိမလဲ။
အခုအချိန်မှာ အုပ်ချုပ်မှုမြို့တော်တွေ၊ စီးပွားရေးမြို့တော်တွေဟာ Smart City ဘက်ကိုသွားဖို့ စိုင်းပြင်နေကြပါပြီ။ ဒီ့အတွက် Informal Settlement တွေဟာ ခေါင်းခဲစရာ အဟန့်အတားတစ်ခု ဖြစ်လို့နေပါတယ်။ ကျွန်တော့်တစ်ယောက်တည်းအမြင်နဲ့ ပြောရရင်တော့ Informal Settlement တွေ ဆက်ရှိနေလို့ မဖြစ်တော့ပါဘူး။ ဒါဟာ Informal Settlement တွေကို ရှင်းလင်းဖယ်ထုတ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲ့ဒီလိုလည်း မဆောင်ရွက်သင့်ပါဘူး။ အဲ့ဒီ Informal Settlement တွေကို Formal Settlement တွေဖြစ်လာအောင် ပြောင်းလဲတည်ထောင်ယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုပြောင်းလဲတည်ထောင်ယူမလဲ။ အားလုံးသက်ဆိုင်အကျုံးဝင်တဲ့မြို့ပြတို့၊ ပျံကျကျူးကျော်နေ ထိုင်မှုသံသရာတို့ဆိုတာတွေကလည်း ဒွိဟဖြစ်စရာ ငြင်းခုံစရာတွေ အများသားနဲ့ကိုး။
In above mentioned, the writer said the slums and people who are living in these slums are “victims of urbanization”. However, in another point of view, the slums are the root case of urbanization. Because lack of knowledge and education in these group leads to pollute the environment and uncontrolled birth rate. As the main reason of urbanization is population growth, population growth in slums can easily to cause more scatter housing and polluted environment.
I totally agree with you.
Thanks.
Informal settlement လို့ သတ်မှတ်လို့ရတဲ့ အချက် (၆) ချက်ကို အခြေခံကြည့်ရင် အခုနောက်ပိုင်း လယ်ယာမြေများကို ကွက်ရိုက်ပြီး မြေကွက်ဖော်ရောင်းတဲ့ စနစ်ကလည်း informal settlement ကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းလို့ မြင်မိပါတယ်
Yah! I agree with you. 🙂
ဟုတ်ပါတယ်။ ရောင်းပြီးပြီးရော သဘောထားလိုက်တဲ့အခါမှာ unstructured growth ကို ဖြစ်သွားစေတာကိုး