W (၅) လုံးနဲ့ H (1) ပါ။
လေ့လာစူးစမ်းဖော်ထုတ်အဖြေရှာမယ့် Problem Statement ကို ဒီစကားလုံး (၅)လုံးနဲ့ ချည်းကပ် အဖြေရှာကြရပါမယ်။
What
ဘာတွေဖြစ်နေတာလဲ (Situation) ၊ ဘာ Problem လဲလို့ ဆိုလိုက်ကတဲက What နဲ့ စပါပြီ။ ပြီးရင် လေ့လာမှုရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ။ Expected Outcomes တွေကရော ဘာတွေလဲ စသည်ဖြစ် ဆက်လာပါပြီ။
Who/ Whom
ဘယ်သူတွေလဲ၊ ဘယ်သူတွေအတွက်လဲ။ လေ့လာမယ့်အကြောင်းအရာ (Issue) နဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေ ပါလာပါပြီ။
Where
လေ့လာသူတေသနပြုဆောင်ရွက်တယ်ဆိုတာ နေရာဒေသအပေါ် မူတည်ပြီး အဖြေရှာရတာတွေမျိုး ရှိပါတယ်။ အဖြစ်အပျက်တူပေမယ့် နေရာဒေသမတူရင် အကြောင်းအရာတွေ ကွဲပြားသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
When
နေရာအပြင် အချိန်ကာလက (temporal) လည်း အလွန်အရေးကြီးပါတယ်။ နေရာတူနေဦးတော့ အချိန်ကာလမတူရင် အခြေအနေနဲ့ အဖြစ်အပျက်တွေဟာကွဲပြားတတ်တာ ဓမ္မတာပါပဲ။
အများစုသော လေ့လာဆန်းစစ်မှုတွေဟာ ဘယ်နေရာ (space) ကို ဘယ်အချိန် (time) မှာ လေ့လာခဲ့တာလဲဆိုတဲ့ Spatiotemporal approach တွေပဲဖြစ်ပါတယ်။
Why
အခုလေ့လာမှုကို ဘာကြောင့်ဆောင်ရွက်ရတာလည်း။ ကိုယ်တိုင်က စိတ်ဝင်စားတာလား။ အဖြေရှာဖို့ လိုအပ်နေတဲ့ ကိစ္စမို့လို့လား။ အကြောင်းပြချက် (reason) နဲ့ ရည်ရွယ်ချက် (objective) တွေ ခိုင်မာဖို့လိုပါတယ်နော်။
တကယ့်အကြောင်းရင်းမြစ် (root cause) စစ်စစ်ကို ရှာတွေ့အောင်လို့ ကိုယ့်ကိုကိုယ် Why | Why | Why | Why | Why ဆိုပြီး (၅) ကြိမ် (၅) ခါ ပြန်မေးကြည့်ပါတဲ့။
How
ဘယ်လို အဆင့် (step) တွေနဲ့ စနစ်တကျဖြစ်အောင် ဆောင်ရွက် (process) သွားမှာလဲ။ ယခုအချိန်မှာ ခေတ်စားနေတဲ့ Efficacy ဖြစ်အောင် ဘယ်လိုဆောင်ရွက်သွားမှာလဲ။ ဒါလည်း ကြိုတင်စဉ်းစားထားဖို့ အရေးကြီးတာပဲလေ။
အခုပြောခဲ့တာလေးတွေက ရိုးရှင်းပါတယ်။ အသုံးတည့်သလို အမြဲလည်း ဆောင်ရွက်သွားရပါမယ်။