ကျွန်တော်တို့နေနေကြတဲ့ မြို့ကြီးကို ဇုန်တွေပိုင်းထုတ်ကြည့်ကြရအောင်။ မြို့တည်သက်တမ်း တစ်လျှောက် စီးပွားရေးအတွက်အချက်အချာကျခဲ့တဲ့ မြို့အပိုင်းကို စီးပွားရေးအချက်အချာဗဟိုဧရိယာ (Central Business District – CBD) တစ်နည်းအားဖြင့် မြို့လည်ခေါင် (Downtown Area) လို့ သတ်မှတ်လိုက်မယ်။ ပြီးရင် အဲ့ဒီမြို့လည်ခေါင်ရဲ့ ပတ်ပတ်လည် ထိစပ်နေတဲ့ နေရာတွေကို Inner Urban Ring Zone (မြန်မာလို ဆီလျှော်စွာ ဘာသာမပြန်တတ်လို့ term ကို တိုက်ရိုက်ရေးလိုက်ရပါတယ်)၊ သူကနေ ထပ်ထွက်လိုက်ရင် Outer Ring Zone ပေါ့။ မြို့က ကျယ်ပြန့်ရင် အဲ့ဒီ့အပြင်ဖက်မှာ Suburbs Zone တွေ ရှိပါဦးမယ်။
ကျွန်တော်တို့မြို့ကြီးရဲ့ Outer Ring Zone ထဲက Informal Settlement တစ်ခု၊ အိမ်ထောင်စုရေ (၇၅၀)ဝန်းကျင်ခန့်ရှိနေသော Informal Settlement ထဲက လူဦးရေ (၁၅၀)လောက်ကို လူမှုစီးပွားရေးရာ လေ့လာဆန်းစစ်မှုတစ်ခုကို အလွတ်သဘော ပြုလုပ်ခဲ့ရာမှ တွေ့ရှိချက်တစ်ချို့က စိတ်ဝင်စားစရာပါ။ အသက်(၁၉)နှစ်အရွယ်ကစပြီး အသက်(၇၄)နှစ်အရွယ်အထိ ကျား၊မ အသက်အရွယ်အစုံကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ၊ ပညာရေးအားဖြင့်လည်း ရွာဘုန်းတော့ကြီးကျောင်းမှပဲ သေစာရှင်စာ တတ်ရုံလောက် သင်ဖူးကြသူတွေ၊ မူလတန်းလောက်သာ သင်ကြားဖူးကြားသူတွေပါသလို၊ ဘွဲ့နဲ့ ဘွဲ့လွန်ထိ အောင်မြင်ထားသူအချို့လည်း ရှိကြပါတယ်။
တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တဲ့ အဲ့ဒီသူတွေထဲက (၆၀)ရာခိုင်နှုန်းဝန်းကျင်က ဝင်ငွေရရှိတဲ့ အလုပ်တစ်ခုခုကို လုပ်နေကြတဲ့သူတွေပါ။ အလုပ်လုပ်ကြတဲ့သူတွေထဲကမှ (၆၉)ရာခိုင်နှုန်းလောက်က Informal Sector ထဲမှာ အလုပ်လုပ်နေကြတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ (Urban Informal Sector ဆိုတာကို သတ်သတ်ရေးပါဦးမယ်။) အလုပ်လုပ်တဲ့အမျိုးသားဦးရေအရဆိုရင် Informal Sector ထဲမှာ အလုပ်လုပ်နေကြသူတွေဟာ Formal Sector မှာ အလုပ်လုပ်နေကြသူတွေထက် (၃)ဆလောက်များပါတယ်။ အမျိုးသမီးတွေကတော့ (၃)ချိုး(၂)ချိုးလောက် ရှိပါတယ်။ တွေ့ဆုံမေးမြန်တုန်းက အသက်(၇၀)ကျော်အရွယ် (၇)ယောက်ပါခဲ့ပြီး၊ သူတို့ထဲက (၃)ယောက်ဟာ ဝင်ငွေအတွက် အလုပ်လုပ်နေတုန်းပါ။ သူတို့တစ်တွေဟာ Informal Sector ကဆိုတာကိုတော့ အထူးပြောနေစရာ မလိုလောက်ပါဘူးနော်။ အဲ့ဒီ(၃)ယောက်ထဲမှာ အမျိုးသမီးကြီးတစ်ယောက်ပါပြီး သူက သူမိသားစုအတွက် အိမ်ထောင်ဦးစီးပါတဲ့။ အမျိုးသားကြီးနှစ်ယောက်ထဲက တစ်ယောက်ကတော့ သူတစ်ဦးတည်း သီးသန့်နေတာပါတဲ့။
သူတို့ရဲ့ဝင်ငွေစစ်တမ်းလေးကို လေ့လာကြည့်နိုင်အောင်လို့ ဇယားနဲ့ဖော်ပြပေးလိုက်ပါတယ်။ အဲ့ဒီကိန်းဂဏန်းတွေက သူတို့ရဲ့ပြောစကားအရ တွက်ချက်ထားတာဖြစ်ပါတယ်။
Statistical Parameter | Monthly Income for Formal Sector (Kyats) | Monthly Income for Informal Sector (Kyats) |
---|---|---|
Minimum | 120,000 | 40,000 |
Maximum | 700,000 | 700,000 |
Average | 247,857 | 242,167 |
ကဲ စာဖတ်သူမိတ်ဆွေ၊ ဒီဇယားကွက်မှာပါတဲ့ ကိန်းဂဏန်း (၆) လုံးကနေ ဘာတွေကိုများ ကောက်ချက်ချဆွေးနွေးပေးနိုင်ကြမလဲ။ သုံးသပ်ပြောဆိုပေးကြပါဦးဗျ။
ဆရာ Formal Sector နဲ့ informal sector ၂ ခုစလုံးရဲ့ ပျှမ်းမျှ လစဉ်ဝင်ငွေဟာ (၁၅၉၀* ၄.၄) = ၂၁၆, ၈၇၆ ကျပ် ရှိလို့ အဲ့ဒီ အိမ်ထောင်စုတွေကို poverty line အောက် မရောက်ဖူးလို့ ပြောနိုင်ပါသလားနော် ဆရာ (2018 ခုနှစ်အတွက်ပဲ ရည်ညွှန်းပြီး မေးတာပါ ဆရာ)
အိမ်ထောင်စု လစဉ်ဝင်ငွေက ၂၁၆, ၈၇၆ ကျပ် အထက် ရှိတာကို ပြောချင်တာပါ ဆရာ
(၁၅၉၀* ၄.၄) = ၂၁၆, ၈၇၆ ဆိုတာ ဘာကို ညွှန်းချင်တာလဲဟင်။
တစ်လဝင်ငွေ ၂၁၆၈၇၆ ကျပ်ဆိုတာ poverty line ဆိုရင် သူတို့အများစုဟာ poverty က လွတ်တယ်ဆိုတဲ့ သဘောပဲပေါ့။
ကျေးဇူးပါ။
၂၁၆၈၇၆ ကျပ်က အလုပ်လုပ်ကိုင်သူရဲ့ အနည်းဆုံးဝင်ငွေ (၁၅၉၀) ကျပ် နဲ့ ပျှမ်းမျှမိသားစုဝင်အရေအတွက် (၄.၄) နဲ့ ရက် (၃၁) မြှောက်ထားတဲ့ အိမ်ထောင်စုလစဉ်ဝင်ငွေပါ ဆရာ
ကျေးဇူးပါ ဆရာ
According to survey result, there are 356 persons are working to earn for income generation and this amount shares 45% of the total population of these 147 families.
ဆရာရှင့် article ဖတ်ပြီးချိန်မှာ Formal Sector မှာ လုပ်ကိုင်တဲ့ လူဦးရေထက် Informal Sector မှာ လုပ်ကိုင်သူဦးရေ ပိုများတယ်လို့နားလည်ပါတယ်ဆရာ
ကျမသိချင်တာက Formal Sector ရဲ့ Average income နှင့် Informal Sector ရဲ့ Average Income က ထပ်တူနီးပါးလောက်ဖြစ်နေတာဆိုတော့ sector 2 ခုကလူတွေရဲ့ လစဉ်ဝင်ငွေပမာဏက သိပ်မကွာဘူးလို့ ဆိုလိုချင်တာပေါ့ ဆရာ
ဟုတ်ပါတယ်။ ဒီကိန်းဂဏန်းတေွကို အခြေခံပြီး ပြောရရင်တော့ဖြင့် ဒီလိုပဲ ကောက်ချက်ချရမှာပါ။ ရန်ကုန်ထဲမှာပဲရှိတဲ့ အလားတူ informal settlement တစ်ခုကို ထပ်မှန်လေ့လာသူတေသနလုပ်ပြီး comparative လုပ်နိုင်ရင်တော့ ပိမိုခိုင်မာစွာ ပြောနိုင်မှာပေါ့ဗျာ။